-->
×

Warning

JUser: :_load: Unable to load user with ID: 29

တရုတ်နိုင်ငံရဲ့ ၈၀ရာခိုင်နှုန်းသော ဈေးကွက်ကို အဓိကနေရာယူထားတဲ့ Major Streaming Platformsတွေဖြစ်တဲ့ Baidu’s iQiyi၊ Tencent Videoနှင့် Alibaba’s Youkuတို့ဟာ အသစ်ဖြစ်တဲ့ Bilibili နဲ့short-form video servicesတို့လို့ Appတွေကြောင့် ၎င်းတို့ရဲ့ ကြီးစိုးမှုကို ထိခိုက်လာနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။

ဒါ့ကြောင့် platformsကို ဖြန့်ကျက်ပြီး ကြီးစိုးဖို့အတွက် နည်းလမ်းတွေနဲ့ ဈေးကွက် အသစ်တွေကိုရှာဖွေတဲ့အခါမှာ သူတို့ဟာ အရှေ့တောင်အာရှကို စိတ်ဝင်စားလာပါတယ်။

ဇွန်လမှာတော့ Tencent ဟာ မလေးရှားအခြေစိုက်ဖြစ်သော over-the-top (OTT) platform Iflixကို ခက်ခက်ခဲခဲဝယ်ယူနိုင်ခဲ့ပါတယ်။iQiyiကတော့Netflix ရဲ့ အမှုဆောင်အရာရှိချုပ်နှင့် ယခင်စင်ကာပူသံတမန် Kuek Yu-Chuang တို့ကို အာရှတိုးချဲ့ရေးနေရာအတွက် ငှားရမ်းခဲ့ပါတယ်။တချိန်တည်းမှာပဲ iQiyi က SEA (South East Asia)ဈေးကွက်မှာ Brand နဲ့ပတ်သက်တဲ့ အသိပညာတိုးပွားစေရန်အတွက် အေဂျင်စီpartners များကိုလည်းရွေးချယ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ WeTV platformကို Tencent Videoက ထပ်တိုး ထုတ်လွှင့်ပြသခဲ့ပြီး သူတို့ရဲ့ နောက်ဆုံးပြခဲ့တဲ့ showဖြစ်တဲ့Chuang 2020ကတော့ မလေးရှားနိင်ငံနှင့် ထိုင်းနိုင်ငံတို့မှ memberများရရှိခဲ့ပါတယ်။ပရိသတ်များကြားထဲမှာ အရမ်းကို ဆွဲဆောင်မှုဖြစ်ခဲ့ပါတယ်။Iflixဟာ ၂၀၂၀ ဧပြီလကတည်းက ပုံမှန်အသုံးပြုသူ ၂.၅သန်းကျော်ရှိပြီး တစ်လကို၂.၅ဘီလီယမ် မိနစ် ကြည့်ရှူကြပါတယ်။

တရုတ်နိုင်ငံရဲ့ streaming service industry မှာ streaming platforms ၃၀၀ကျော်ဟာ အသေကြေတိုက်ခိုက်နေကြပြီး ကြီးစိုးဖို့ကို အားထုတ်နေကြပါတယ်။အခုလို စီးပွားရေးဈေးကွက်တွေ တည်တည်ငြိမ်ငြိမ် ပြန်လည်လှုပ်ရှားလာကြတဲ့အခါမှာ ဘယ်လိုအကြောင်းပဲဆိုဆို SEA(South East Asia)ကတော့ ကျန်ရှိနေသေးတဲ့ ဈေးကွက်ပစ်မှတ်ရဲ့ သားကောင်ပဲဖြစ်ပါတယ်။

 

<<<ZawGyi>>>

 


တရုတ်နိုင်ငံEntertainment ကုမ္ပဏီတွေရဲ့ ဦးတည်ချက်က ဘာလို့ အရှေ့တောင်အာရှကို ပစ်မှတ်ထားလာသလဲ






 

Ref: The Drum

 

 

Published in Global