-->
×

Warning

JUser: :_load: Unable to load user with ID: 29

ေဟာင္ေကာင္ရွိ Pizza Hut ႏွင့္ Ikea တို႔သည္ Ikea meatballs ပါ၀င္သည့္ အထူးပီဇာႏွင့္အတူ ၎pizza ႏွင့္ကိုက္ညီရန္ဒီဇိုင္းျပဳလုပ္ထားေသာ flatpack စားပြဲေပၚတြင္ pizzaကိုတင္၍ ေၾကာ္ျငာခဲ့ၾကသည္။

ကုန္အမွတ္တံဆိပ္ႏွစ္ခုသည္ Ikea စတိုးတြင္ အိပ္ေပ်ာ္ေနေသာ Pizza Hut ပီဇာပို႔သူႏွင့္ 'boardroom moment' ၌အရသာ အသစ္ဖန္တီးပံု တို႔ကို လူမႈမီဒီယာပို႔စ္မ်ားတြင္ ေၾကာ္ျငာခဲ့သည္။

 

၂၀၂၀ခုႏွစ္ အတြင္း ေရပန္းစားလာႏိုင္မယ့္ Digital Marketing လမ္းေၾကာင္း ၁၀ခု

 

ပီဇာသည္ Ikea meatballs အဓိကပါဝင္သည့္ပစၥည္းျဖစ္ၿပီး ယခုအခါ Pizza Hut Hong Kong မွတစ္ဆင့္ေရာင္းခ်သည္။ Ikea သည္ Sava စားပြဲကိုေရာင္းခ်ရာတြင္ pizza ဆိုက္အႀကီးကို စားပြဲေပၚတြင္ သူငယ္ခ်င္းမ်ားႏွင့္ စတိုင္က်က် စားႏိုင္သည္ဟု ၫႊန္းၿပီးေရာင္းခ်ျခင္းျဖစ္သည္။

Pizza Hut Hong Kong ၏ေစ်းကြက္ရွာေဖြေရးဒါ႐ိုက္တာ Wendy Leung က“ ဒီေၾကာ္ျငာဟာ Pizza Hut ရဲ႕တကယ့္ကိုေျပာင္ေျမာက္တဲ့စြမ္းရည္ကိုျပသထားပါတယ္။ ထိုမွတဆင့္ အျခားအမွတ္တံဆိပ္ေတြနဲ႔ စိတ္ဝင္စားစရာေကာင္းတဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြျဖစ္လာႏိုင္တယ္။ ”လို႔ ေျပာသြားပါတယ္။

၎ေၾကာ္ျငာကို Pizza Hut၏ ေအဂ်င္စီျဖစ္ေသာ Ogilvyမွဖန္တီးခဲ့ျခင္းျဖစ္သည္။

 

 

Ogilvy Hong Kong ၏အလုပ္အမႈေဆာင္ဒါ႐ိုက္တာJohn Koay က“ Pizza Hut x IKEA ပီဇာအသစ္ကိုေပ်ာ္စရာေကာင္းတဲ့လႈပ္ရွားမႈနဲ႔အတူ ပထမေန့ထဲက ပရိသတ္ေတြအႀကိဳက္ ေတြ႕ခဲ့ရတာကိုေတာ့ ကြၽန္ေတာ္တို႔အရမ္းကိုဝမ္းသာမိပါတယ္။ ဒါကအလြန္ေကာင္းတဲ့ပီဇာပဲ။ ဒီေၾကာ္ျငာအတြက္ပူးေပါင္းမႈက အမွတ္တံဆိပ္ေတြေၾကာင့္ မဟုတ္ပဲ ပရိသတ္ေတြကိုတကယ္အက်ိဳးရွိေစတယ္ဆိုတာကိုျပသတာပဲ။ ”ဟု ေျပာခဲ့သည္။

Ogilvy ၏အဆိုအရ ထုတ္ကုန္မ်ားေရာင္းခ်မႈသည္ ပထမသုံးရက္အတြင္း ခန႔္မွန္းထားသည္ထက္ေရာင္းအား ၆၇ ရာခိုင္ႏႈန္းပိုမိုေရာင္းခ်ခဲ့ၾကရသည္။

ဤေဆာင္းပါးသည္ အာရွ၊ထီထြင္မႈအလုပ္၊Pizza Hut၊Ikea၊ဒီဂ်စ္တယ္၊ထီထြင္မႈႏွင့္ ကုန္အမွတ္တံဆိပ္တို႔ကို ရည္ၫႊန္းျခင္းျဖစ္ပါသည္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

<<<Unicode>>>

 

ပီဇာနှင့် flatpackထုတ်ကုန်များတွင် ပူးပေါင်းမည့် Pizza Hutနှင့် Ikea

ဟောင်ကောင်ရှိ Pizza Hut နှင့် Ikea တို့သည် Ikea meatballs ပါဝင်သည့် အထူးပီဇာနှင့်အတူ ၎င်းpizza နှင့်ကိုက်ညီရန်ဒီဇိုင်းပြုလုပ်ထားသော flatpack စားပွဲပေါ်တွင် pizzaကိုတင်၍ ကြော်ငြာခဲ့ကြသည်။

ကုန်အမှတ်တံဆိပ်နှစ်ခုသည် Ikea စတိုးတွင် အိပ်ပျော်နေသော Pizza Hut ပီဇာပို့သူနှင့် 'boardroom moment' ၌အရသာ အသစ်ဖန်တီးပုံ တို့ကို လူမှုမီဒီယာပို့စ်များတွင် ကြော်ငြာခဲ့သည်။

 

၂၀၂၀ခုနှစ် အတွင်း ရေပန်းစားလာနိုင်မယ့် Digital Marketing လမ်းကြောင်း ၁၀ခု

 

ပီဇာသည် Ikea meatballs အဓိကပါဝင်သည့်ပစ္စည်းဖြစ်ပြီး ယခုအခါ Pizza Hut Hong Kong မှတစ်ဆင့်ရောင်းချသည်။ Ikea သည် Sava စားပွဲကိုရောင်းချရာတွင် pizza ဆိုက်အကြီးကို စားပွဲပေါ်တွင် သူငယ်ချင်းများနှင့် စတိုင်ကျကျ စားနိုင်သည်ဟု ညွှန်းပြီးရောင်းချခြင်းဖြစ်သည်။

Pizza Hut Hong Kong ၏ဈေးကွက်ရှာဖွေရေးဒါရိုက်တာ Wendy Leung က“ ဒီကြော်ငြာဟာ Pizza Hut ရဲ့တကယ့်ကိုပြောင်မြောက်တဲ့စွမ်းရည်ကိုပြသထားပါတယ်။ ထိုမှတဆင့် အခြားအမှတ်တံဆိပ်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်လာနိုင်တယ်။ ”လို့ ပြောသွားပါတယ်။

၎င်းကြော်ငြာကို Pizza Hut၏ အေဂျင်စီဖြစ်သော Ogilvyမှဖန်တီးခဲ့ခြင်းဖြစ်သည်။

 

 

Ogilvy Hong Kong ၏အလုပ်အမှုဆောင်ဒါရိုက်တာJohn Koay က“ Pizza Hut x IKEA ပီဇာအသစ်ကိုပျော်စရာကောင်းတဲ့လှုပ်ရှားမှုနဲ့အတူ ပထမနေ့ထဲက ပရိသတ်တွေအကြိုက် တွေ့ခဲ့ရတာကိုတော့ ကျွန်တော်တို့အရမ်းကိုဝမ်းသာမိပါတယ်။ ဒါကအလွန်ကောင်းတဲ့ပီဇာပဲ။ ဒီကြော်ငြာအတွက်ပူးပေါင်းမှုက အမှတ်တံဆိပ်တွေကြောင့် မဟုတ်ပဲ ပရိသတ်တွေကိုတကယ်အကျိုးရှိစေတယ်ဆိုတာကိုပြသတာပဲ။ ”ဟု ပြောခဲ့သည်။

Ogilvy ၏အဆိုအရ ထုတ်ကုန်များရောင်းချမှုသည် ပထမသုံးရက်အတွင်း ခန့်မှန်းထားသည်ထက်ရောင်းအား ၆၇ ရာခိုင်နှုန်းပိုမိုရောင်းချခဲ့ကြရသည်။

ဤဆောင်းပါးသည် အာရှ၊ထီထွင်မှုအလုပ်၊Pizza Hut၊Ikea၊ဒီဂျစ်တယ်၊ထီထွင်မှုနှင့် ကုန်အမှတ်တံဆိပ်တို့ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

 

Reference Source: The Drum

Myanmar Advertising Directory

Published in Global