တလောကပဲ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့ Tesla သူဌေးကြီး အီလွန်မတ်စ်ဟာ အွန်လိုင်းပေါ်မှာ လူစိတ်ဝင်စားမှုအများဆုံးရထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူလုပ်သမျှကိစ္စအားလုံးဟာ လူထုအကြားမှာ ဟင်ခနဲ ဟာခနဲ ဖြစ်သွားစေတဲ့အကြောင်းတွေ များကြီး ရှိပါတယ်။ကမ္ဘာကျော် လျှပ်စစ်ကားကုမ္ပဏီ Tesla ကို တည်ထောင်ခဲ့သလို SpaceX အာကာသယာဉ်လုပ်ငန်းလည်း ပိုင်ဆိုင်ထားတဲ့ ဒီသူဌေးကြီးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်နေ့ Twitter ပေါ်မှာ Tesla တံဆိပ်နဲ့ တက်ကီလာအရက်ထုတ်မယ့်အကြောင်း တင်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်ကတော့ ဒါကို ဧပရယ်ဖူးလ်ဆိုပြီး ဟာသလုပ်နေတယ်လို့ပဲ ထင်ခဲ့ကြပါတယ်။
Elon Musk က သူကိုယ်တိုင်က Influencer တစ်ယောက်လို့ပြောလို့ရနိုင်သလို Tesla ကားလုပ်ငန်းစုဆိုလည်း အခြား ကား လုပ်ငန်းစုတွေလို ကြော်ငြာ ငွေ အများအပြား သုံးစွဲတာ မတွေ့ရဘူး ဒီတော့ သူကိုယ်တိုင်က Brand awareness ကို ဖန်တီးသူပေါ့။ကဲ စိတ်ဝင်စားဖို့ကောင်းတဲ့ Elon Musk အကြောင်းဖတ်ကြည့်ကြရအောင် ...
Elon Musk ဆိုတာကတော့ SpaceX ၊ Tesla ရဲ့ CEO ဖြစ်သူ ဖြစ်ပြီး သူကိုယ်တိုင်က ကြော်ငြာ ကြီးပါလို့ ခံယူထားတဲ့ သူတစ်ဦးပါ။ယခုအခါမှာ သူ CEO လည်းဖြစ်သူ အပိုင်အစုရှယ်ရာ အများဆုံးလုပ်ငန်းစုလည်းဖြစ်တဲ့ Tesla မှ အခြား ရှယ်ရာ ရှင်များဟာ နောက်လထဲမှာ ရှေးယခင်မှုလ ကြော်ငြာ ခြင်းကို ကြော်ငြာ သင့် ၊ မသင့် ဆုံးဖြတ်မဲ့ အစည်းအဝေး ပွဲ လေး တစ်ခု ရှိနေပါတယ်။