<<<Unicode>>>
၉၄%သော ဈေးကွက်ရှာဖွေရေးသမားများသည် အမှတ်တံဆိပ်လုံခြုံမှုကိုကိုင်တွယ်ရန်အတွက် blacklists စာရင်းများကိုအသုံးပြုကြသည်ဟု IAB မှတွေ့ရှိ
Brand လုံခြုံမှုကို တိုးမြှင့်စေရန်ကြိုးပမ်းမှုတစ်ခုအနေဖြင့် IAB Europe သည် လက်ရှိဈေးကွက်များမှ ကုန်ပစ္စည်း Brand လုံခြုံမှုရှိသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်စေရန် သုတေသနများကို လေ့လာစမ်းစစ်ခဲ့ပါတယ်။
Brand ဘေးကင်းလုံခြုံမှုစစ်တမ်းတွင် ဒီဂျစ်တယ်ကြော်ငြာbackgroundမှ အကြီးတန်းဥရောပခေါင်းဆောင် အယောက်၉၀ကို ၂၀၁၉ ခုနှစ်တွင် ဒီပြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းမေးခွန်းထုတ်ခဲ့ကြသည်။ ၂၀၂၀ တွင်တိုးတက်သင့်သည်ဟု သူတို့ထင်မြင်သည့် အရာများကိုလည်းဖော်ပြခဲ့ပါတယ်။
၂၀၂၀ခုနှစ် အတွင်း ရေပန်းစားလာနိုင်မယ့် Digital Marketing လမ်းကြောင်း ၁၀ခု
တွေ့ရှိချက်များအရ blacklistsစာရင်း နှင့်whitelistsစာရင်းများသည် ကြီးစိုးထားသော နည်းစနစ်များအဖြစ်ဆက်လက်ရှိနေပြီး ကြော်ငြာရှင် ၉၃.၈ ရာခိုင်နှုန်းနှင့် ၈၇.၈% တို့သည် ထိုစနစ်များကြား ရွေးချယ်ကြပါတယ်။
အခြား လက်တွေ့လေ့လာမှုများတွင် တုန့်ပြန်သူများရဲ့ ၉၁% သော Keywordများကိုအသုံးပြုခြင်းနှင့်လုပ်ဖော်ကိုင်ဖက်များအတည်ပြုခြင်း၊ ၈၃.၉%လိုက်နာသော နည်းဗျူဟာများပါဝင် ပါသည်။
သုတေသနပြုချက်အရ Brand၏လုံခြုံမှုသည် ၇၇ ရာခိုင်နှုန်းဖြင့် ပြဿနာကိုအဓိက ဦး စားပေးဖော်ပြခဲ့ပါတယ်။ ယခုလအစောပိုင်းတွင် YouTube သည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကို အားဖြည့်ရန်အတွက် ကိုယ်ပိုင်ကြော်ငြာတားမြစ်ချက်ကိုစတင်ခဲ့ပါတယ်။
အစီရင်ခံစာ၏ရှာဖွေတွေ့ရှိမှုကို ဆွေးနွေးရာတွင် IAB ဥရောပ၏အမှုဆောင် အရာရှိချုပ်ဖြစ်သူ Townsend Feehan က“ကုန်အမှတ်တံဆိပ်တွေက လုံခြုံရေးဖောက်ဖျက်မှုကြောင့် ဂုဏ်သိက္ခာကိုထိခိုက်စေမှာကိုစိုးရိမ်ပြီးသူတို့ရဲ့ကြော်ငြာတွေ ဘယ်လောက်အောင်မြင်နေတယ်ဆိုတာကို ပိုပြီးထိုးထွင်းသိမြင်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ခေတ်မှီပြီး Brandကိုထိတွေ့မှုပိုမိုရှိစေရန်နှင့် ပြောင်းလဲမှု၏လုပ်ဆောင်ချက်တစ်ခုအနေဖြင့် ဖန်တီးမှုများအတွက် ဖိအားများပေးပါတယ် ဒါဟာecosystem တစ်ခုလုံးကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။"လို့ပြောကြားသွားပါတယ်။
ဤဆောင်းပါးသည် ကမ္ဘာ၊ Brandလုံခြုံရေး နှင့် ဈေးကွက်ရှာဖွေရေးများကို ရည်ညွှန်းခြင်းဖြစ်ပါသည်။
Reference Source: The Drum
Myanmar Advertising Directory
<<<Unicode>>>
ကိုရိုနာဗိုင်းရပ်စ် ဗီဒီယို ကြော်ငြာများကို ထူးခြားသောပုံစံနှင့် ပိတ်ပင်မည့် YouTube
YouTubeသည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သတ်သော ဗီဒီယိုများကို U-turnပုံစံဖြင့် သူ၏လမ်းညွှန်ချက်များနှင့် မကိုက်ညီသောအကြောင်းအရာကြော်ငြာများကို လွန်ခဲ့တဲ့လက ပြောထားတဲ့အတိုင်း ပိတ်ပင်ရန်အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။
ထို့ကြောင့် ဗိုင်းရပ်စ်နှင့်ဆိုင်သော ဗီဒီယိုStreamingဝန်ဆောင်မှုများကျဆင်းသွားခဲ့ပါတယ်။
၂၀၂၀ခုနှစ် အတွင်း ရေပန်းစားလာနိုင်မယ့် Digital Marketing လမ်းကြောင်း ၁၀ခု
ပြောင်းလဲမှုများကို အတည်ပြုပြီး YouTube အမှုဆောင်အရာရှိချုပ် Susan Wojcicki က“ လာမယ့်ရက်တွေမှာ coronavirus နှင့်ပက်သက်သော ကြော်ငြာများကို ချန်နယ်အရေအတွက်နဲ့ကန့်သတ်ထားမှာဖြစ်ပြီး အဲ့ကြော်ငြာဖန်တီးသူ၊သူ့ရဲ့ကိုယ်ပိုင်လက်မှတ်နှင့် သတင်းဖန်တီးသူရဲ့လုပ်ဖော်ကိုင်ဘက်များကိုပါ ပါဝင်ဖော်ပြထားမှာဖြစ်ပါတယ်။
"ဒီပြသနာက လူတွေနေ့တိုင်းစကားပြောတဲ့ထဲပါနေမယ့် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ သတင်းအဖွဲ့အစည်းများနှင့်ဖန်တီးသူများက အရည်အသွေးပြည့်ဝသော ဗီဒီယိုများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်ထုတ်လုပ်နိုင်အောင်သေချာစေချင်ပါတယ်။ "ဟုပြောကြားခဲ့ပါတယ်။
Coronavirusသတင်းအမှား များပျံ့နှံ့တာက လူတွေအကြားကြောက်ရွံမှုတွေဖြစ်လာစေပြီး trollများပြုလုပ်စေတယ်၊ပူးပေါင်းကြံစည်တဲ့အမြတ်ထုတ်မှုတွေဖြစ်စေတဲ့ အကြောင်းအရာတစ်ခုလည်းဖြစ်တယ်။
ဒီအဖြစ်အပျက်တွေကိုခုတုံးလုပ်ပြီး သတင်းအမှားတွေနဲ့ နာမည်ကြီးအောင်ပြုလုပ်နေတာတွေကိုဖယ်ရှားရန်အတွက် ဖေ့စ်ဘွတ်ခ်၊ တွစ်တာတို့နဲ့ညှိနှိုင်းပြီးပြသနာများကိုပိုမိုပြင်းထန်စွာကိုင်တွယ်ခြင်းအားဖြင့်ပြဿနာတွေကိုတိုက်ဖျက်ဖို့ ပူးပေါင်းထားကြတာဖြစ်ပါတယ်။
ဤဆောင်းပါးသည် မြောက်အမေရိက၊ကုန်တံဆိပ်လုံခြုံရေး၊ကိုရိုနာဗိုင်းရပ်စ်၊YouTube၊ကြော်ငြာခြင်းနှင့် ဒီဂျစ်တယ်တို့ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။