-->
×

Warning

JUser: :_load: Unable to load user with ID: 29

အလွအပဆိုတာ လူတိုင္းအတြက္ မရွိမျဖစ္ လိုအပ္တဲ့ အရာတစ္ခုပါ။တစ္ကမ႓ာလံုးမွာ ေရာဂါပ်ံ႕ႏွံ့လာသည္ႏွင့္အမွ် စီးပြားေရးလုပ္ငန္းဟာ က်ရွံုးမႈေတြနဲ႕ ရင္ဆိုင္ေနရပါတယ္။သို႔ေသာ္လည္း အလွအပBrandမ်ားက ကမ႓ာႀကီးအတြက္ Covid-19 သက္ေရာက္မွဳကို အေကာင္းဆံုးတံု႔ျပန္ႏိုင္ဖို႔အတြက္ အတူတတကြ လက္တြဲ ပါ၀င္လာၾကၿပီပဲျဖစ္ပါတယ္။သံုးစြဲသူ ေဖာက္သည္ အမ်ားစုဟာ အိမ္မွာေနၾကရတယ္၊ ေစ်း၀ယ္ထြက္နဲ လာၾကတဲ့အခါ ကုမၸဏီေတြအေနနဲ႕ သူတို႔ရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ အရင္းအျမစ္ေတြမွာ ပါ၀င္လာၾကပါတယ္။ဗိုင္းရပ္စ္ပ်ံ႕ႏွံ့မႈေၾကာင့္ သက္ဆိုင္ရာ ကုမၸဏီရဲ႕ ဆိုင္ခြဲေတြဟာ ပိတ္ထားရတဲ့အခါ Farmacy Beauty ၊L’Orealစတဲ့ Brandေတြ အပါအ၀င္ တျခားBrandေတြဟာ လည္း လူထုရဲ႕ လိုအပ္မႈေတြကို ျဖည့္ဆည္းေပးဖို႔ ႀကိဳးစားလာၾကပါတယ္။

သူတို႔ ဘယ္လို ပါ၀င္ ကူညီလာၾကတယ္ဆိုတာကို အနဲနဲ႕ အမ်ား ေဖာ္ျပထားပါတယ္။

Farmacy Beauty

Farmacy Honeymoon Glow

တစ္ကမ႓ာလံုးမွာ ကို႐ိုနာဗိုင္းရပ္စ္ဟာ ဆက္လက္ပ်ံ႕ႏွံ့လာမွဳနဲ႕ ပက္သက္ၿပီး all-natural skincare Brandျဖစ္ေသာ Farmacy Beautyက သူတို႔တတ္ႏိုင္သေလာက္ကူညီဖို႔အတြက္ FeedingAmericaကို အကူအညီေပးတဲ့အေနနဲ႕ အစားအစာပြဲေပါင္း ၁၀၀၀၀ကို ေန႔စဥ္ လွဴဒါန္းသြားမွာျဖစ္ပါတယ္။ဒီလွဴဒါန္းမႈဟာ ေနာက္ထပ္ ရက္ေပါင္း၃၀ထိ ေန႔တိုင္း လွဴဒါန္းသြားမွာပါ။

billie

billie shaver

ွShaving toolလို႔ Social Mediaမွာ လူအမ်ားသိၾကတဲ့ billieဟာ COVID-19ကယ္ဆယ္ေရး ရန္ပံုေငြအတြက္ ေဒၚလာ ၁၀၀၀၀၀ကို လွဴဒါန္းခဲ့ၿပီး ဒီလွဴဒါန္းမႈရဲ႕ ပိုက္ဆံေတြကို ျပည္တြင္း အစားအစာ ဘဏ္သို႔ ေပးအပ္ၿပီး လိုအပ္တဲ့ ကေလးေတြရဲ႕ ပညာေရးေက်ာင္း ေန႔လည္စာအတြက္ အဓိကရည္ၫႊန္းပါတယ္။ဒီလို ပရဟိတ ထက္သန္တဲ့ ကုမၸဏီ Billieဟာ dry shampoosနဲ႕ lip balmsကို အၿမဲ ထုတ္ေလ့ရွိပါတယ္။

The Body Shop

The Body Shop

The Body Shop brandဟာ သူ႔ရဲ႕ ထုတ္ကုန္ ၃၀၀၀၀ကို ျပည္တြင္းေဂဟာ၊ ရိပ္သာေတြနဲ႕ U.S၊Canadaမွာရွိတဲ့ စီနီယာ လူ႔အဖြဲ႕အစည္းေတြကို လွဴဒါန္းခဲ့ပါတယ္။

 

Pradaရဲ႕ ေအာင္ျမင္ေနမႈကို ျဖတ္ေတာက္လိုက္တဲ့ Coronavirus

 

Grande Cosmetics

Grande Cosmetics

makeup Brand ျဖစ္ေသာ Grande Cosmetics ကေတာ့ သူ႔ရဲ႕ အြန္လိုင္း ေစ်း၀ယ္ယူမွဳေတြမွ ၁၅%ကို Feeding Americaကို ကေလးေတြနဲ႕ မိသားစုေတြအတြက္ အစားအစာပြဲမ်ားကို အေထာက္အပံ့အေနနဲ႕ ကူညီသြားမွာ ျဖစ္ပါတယ္။

Haus Laboratories

Haus Laboratories

COVID-19 ပ်ံ႕ႏွံ့ေနခ်ိန္မွာ Lady Gagaရဲ႕ အလွကုန္ပစၥည္း ကုမၸဏီက Los Angeles နဲ႕ New York City မွာရွိတဲ့ လူမႈအဖြဲ႕အစည္းေတြကို လြန္ခဲ့တဲ့ အပတ္ အြန္လိုင္းကေန ေရာင္းခ်မႈကေနရေသာ အျမတ္ရဲ႕ ၂၀%ကို လွဴဒါန္းသြားမွာ ျဖစ္ပါတယ္။

L'Oreal Paris

L'Oreal

ဗိုင္းရပ္စ္ ဂယက္ထေနခ်ိန္မွာ L’Oréalေဖာင္ေဒးရွင္းက ၁ မီလီယံ eurosကို သူ႔ရဲ႕လက္ေဖာ္ကိုင္ဖက္ non-profit organisationsသို႔ လွဴဒါန္းရန္ဆံုးျဖတ္လိုက္ပါတယ္။non-profit organisationsရဲ႕ အလုပ္သမားေတြ၊volunteerေတြနဲ႕ အက်ိဳးအျမတ္ေဖာ္ေဆာင္သူေတြကို L’Oréalေဖာင္ေဒရွင္းကေနၿပီးေတာ့ တစ္ႏွစ္ပတ္လံုး ေရာဂါကာကြယ္ေရးနဲ႕ တစ္ကိုယ္ေရသန္႕ရွင္းေရး ကိရိယာမ်ား၊ လက္သန္႕ေဆးရည္မ်ား ေထာက္ပံ့သြားမွာ ျဖစ္ပါတယ္။

Soap & Glory

Soap & Glory

Soap & Gloryက The Hygiene Bankနဲ႕ အတူ လက္တြဲလုပ္ကိုင္ေနတာျဖစ္ၿပီး သူတို႔က shampooနဲ႕ body washကို မတတ္ႏိုင္တဲ့ သူေတြကို ေထာက္ပံ့သြားမွာ ျဖစ္ပါတယ္။

L'OCCITANE

LOccitane

ျပင္သစ္ႏိုင္ငံရဲ႕ luxury body နဲ႕ perfume brandျဖစ္တဲ့ L'OCCITANEက hand lotionေတြကို လွဴဒါန္းသြားမွာျဖစ္ပါတယ္။L'OCCITANEရဲ႕ ကမ္းလွမ္းမႈက ဥေရာပတစ္ခုလံုးကို ပ်ံ႕ႏွံ့သြားပါတယ္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

<<<Unicode>>>

 

Coronavirus ပျံ့နှံ့ဖြစ်ပွားနေချိန်မှာ တစ်ထောင့်တစ်နေရာကနေ ကူညီအားဖြည့်ပေးတဲ့ အလှကုန်ပစ္စည်း Brand (၈)မျိုး

အလှအပဆိုတာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။တစ်ကမ္ဘာလုံးမှာ ရောဂါပျံ့နှံ့လာသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းဟာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။သို့သော်လည်း အလှအပBrandများက ကမ္ဘာကြီးအတွက် Covid-19 သက်ရောက်မှုကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့အတွက် အတူတတကွ လက်တွဲ ပါဝင်လာကြပြီပဲဖြစ်ပါတယ်။သုံးစွဲသူ ဖောက်သည် အများစုဟာ အိမ်မှာနေကြရတယ်၊ ဈေးဝယ်ထွက်နဲ လာကြတဲ့အခါ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရင်းအမြစ်တွေမှာ ပါဝင်လာကြပါတယ်။ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် သက်ဆိုင်ရာ ကုမ္ပဏီရဲ့ ဆိုင်ခွဲတွေဟာ ပိတ်ထားရတဲ့အခါ Farmacy Beauty ၊L’Orealစတဲ့ Brandတွေ အပါအဝင် တခြားBrandတွေဟာ လည်း လူထုရဲ့ လိုအပ်မှုတွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားလာကြပါတယ်။

သူတို့ ဘယ်လို ပါဝင် ကူညီလာကြတယ်ဆိုတာကို အနဲနဲ့ အများ ဖော်ပြထားပါတယ်။

Farmacy Beauty

Farmacy Honeymoon Glow

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ ဆက်လက်ပျံ့နှံ့လာမှုနဲ့ ပက်သက်ပြီး all-natural skincare Brandဖြစ်သော Farmacy Beautyက သူတို့တတ်နိုင်သလောက်ကူညီဖို့အတွက် FeedingAmericaကို အကူအညီပေးတဲ့အနေနဲ့ အစားအစာပွဲပေါင်း ၁၀၀၀၀ကို နေ့စဉ် လှူဒါန်းသွားမှာဖြစ်ပါတယ်။ဒီလှူဒါန်းမှုဟာ နောက်ထပ် ရက်ပေါင်း၃၀ထိ နေ့တိုင်း လှူဒါန်းသွားမှာပါ။

 

Qatar Airwaysဟာ ဘာကြောင့် ကြော်ငြာတွေကို ဆက်ကြော်ငြာနေတာလဲ

 

billie

billie shaver

ှShaving toolလို့ Social Mediaမှာ လူအများသိကြတဲ့ billieဟာ COVID-19ကယ်ဆယ်ရေး ရန်ပုံငွေအတွက် ဒေါ်လာ ၁၀၀၀၀၀ကို လှူဒါန်းခဲ့ပြီး ဒီလှူဒါန်းမှုရဲ့ ပိုက်ဆံတွေကို ပြည်တွင်း အစားအစာ ဘဏ်သို့ ပေးအပ်ပြီး လိုအပ်တဲ့ ကလေးတွေရဲ့ ပညာရေးကျောင်း နေ့လည်စာအတွက် အဓိကရည်ညွှန်းပါတယ်။ဒီလို ပရဟိတ ထက်သန်တဲ့ ကုမ္ပဏီ Billieဟာ dry shampoosနဲ့ lip balmsကို အမြဲ ထုတ်လေ့ရှိပါတယ်။

The Body Shop

The Body Shop

The Body Shop brandဟာ သူ့ရဲ့ ထုတ်ကုန် ၃၀၀၀၀ကို ပြည်တွင်းဂေဟာ၊ ရိပ်သာတွေနဲ့ U.S၊Canadaမှာရှိတဲ့ စီနီယာ လူ့အဖွဲ့အစည်းတွေကို လှူဒါန်းခဲ့ပါတယ်။

Grande Cosmetics

Grande Cosmetics

makeup Brand ဖြစ်သော Grande Cosmetics ကတော့ သူ့ရဲ့ အွန်လိုင်း ဈေးဝယ်ယူမှုတွေမှ ၁၅%ကို Feeding Americaကို ကလေးတွေနဲ့ မိသားစုတွေအတွက် အစားအစာပွဲများကို အထောက်အပံ့အနေနဲ့ ကူညီသွားမှာ ဖြစ်ပါတယ်။

Haus Laboratories

Haus Laboratories

COVID-19 ပျံ့နှံ့နေချိန်မှာ Lady Gagaရဲ့ အလှကုန်ပစ္စည်း ကုမ္ပဏီက Los Angeles နဲ့ New York City မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေကို လွန်ခဲ့တဲ့ အပတ် အွန်လိုင်းကနေ ရောင်းချမှုကနေရသော အမြတ်ရဲ့ ၂၀%ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

L'Oreal Paris

L'Oreal

ဗိုင်းရပ်စ် ဂယက်ထနေချိန်မှာ L’Oréalဖောင်ဒေးရှင်းက ၁ မီလီယံ eurosကို သူ့ရဲ့လက်ဖော်ကိုင်ဖက် non-profit organisationsသို့ လှူဒါန်းရန်ဆုံးဖြတ်လိုက်ပါတယ်။non-profit organisationsရဲ့ အလုပ်သမားတွေ၊volunteerတွေနဲ့ အကျိုးအမြတ်ဖော်ဆောင်သူတွေကို L’Oréalဖောင်ဒေရှင်းကနေပြီးတော့ တစ်နှစ်ပတ်လုံး ရောဂါကာကွယ်ရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ကိရိယာများ၊ လက်သန့်ဆေးရည်များ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

Soap & Glory

Soap & Glory

Soap & Gloryက The Hygiene Bankနဲ့ အတူ လက်တွဲလုပ်ကိုင်နေတာဖြစ်ပြီး သူတို့က shampooနဲ့ body washကို မတတ်နိုင်တဲ့ သူတွေကို ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

L'OCCITANE

LOccitane

ပြင်သစ်နိုင်ငံရဲ့ luxury body နဲ့ perfume brandဖြစ်တဲ့ L'OCCITANEက hand lotionတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။L'OCCITANEရဲ့ ကမ်းလှမ်းမှုက ဥရောပတစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။

 

Reference Source: HOLA!

Myanmar Advertising Directory

 

Published in Global