-->
×
Warning
JUser: :_load: Unable to load user with ID: 29
တစ္ခါတစ်လေမွာ ရှုပ်ထြေးသည္ထင်ရေပမယ့် က်ေနပ္စရာကောင်းသည့် KFC၏ "post-chicken finger lick" ကြော်ျငာ
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Luxury Escapes lab မှ အာရုံခံကိရိယာများအပေါ် အခြေခံ၍ ကိုယ်ပိုင်အားလပ်ရက်များကို အကြုံပြုချက်များပေးခြင်း
သြစတေးလျနိုင်ငံ သူ/သားများ၏ အားလပ်ရက်ကို ကူညီသည့်အနေဖြင့် မဲဘုန်းလ်မြို့ရှိ ဓာတ်ခွဲခန်းတွင် Luxury Escapesအမည်ဖြင့် ပြင်ဆင်ခဲ့ကြသည်။
ဒီ ဓာတ်ခွဲခန်းကို မတ်လ၇ရက်နေ့အထိ ဖွင့်မည် ဖြစ်ပြီး သြစတေးလျနိုင်ငံ သူ/သားများ၏ အားလပ်ရက် ပျင်းရိနေမှုကို ကူညီသည့်အနေဖြင့် အကြံပြုချက် များကိုပေးမည့် အစီစဉ် ဖြစ်သည်။
အတွေ့အကြုံရှိ ကြော်ငြာအေဂျင်စီ Grafitti မှ၎င်း အစီအစဉ်ကို ဦးဆောင်၍ သြစတေးလျနိုင်ငံ သူ/သားများ၏ အလုပ်ပိတ်ရက်အပြီး အလုပ်ပြန်လုပ်ရမည့် ကြောက်ရွံစိတ်၊စိတ်နေသဘောထားတို့ကို ၆၀% အခြေခံ၍ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။
ဒီ အစီအစဉ်ကတော့ လူတွေရဲ့ ကိုယ်ပိုင် လုပ်ဆောင်ချက် များကို(လမ်းပျောက်ခြင်းမဖြစ်ရအောင်) ရှာဖွေနိုင်အောင် အထိအတွေ့၊အရသာ၊အသံ များကိုဒီဇိုင်းဆွဲ ပြင်ဆင်ထားခြင်းဖြစ်သည်။လူများ၏ရွေးချယ်မှုပေါ်မူတည်ပြီး Luxury Escapesအစီအစဉ်က အားလပ်ရက်အစီအစဉ်များကို ဖန်တီးအကြံပြုမှာဖြစ်ပါတယ်။
ဆယ်စုနှစ် အတွင်းပထမဆုံး အကြိမ် livestreamအနေဖြင့် New Galaxy S20ကို ထုတ်ဖော်ကြော်ငြာခဲ့သည့် Samsung ကုမ္ပဏီ
"ဒီအားလပ်ရက် အကြံပြုမည့် ဓာတ်ခွဲခန်းကတော့ လာရောက်လေ့လာသူများကို သူတို့၏ကိုယ်ပိုင် အိပ်မက်များကို အားလပ်ရက်တွင် ဖန်တီးဖို့၊အပြန်အလှန် အကျိုးသက်ရောက်မှုရှိမှုနှင့် ဆွဲဆောင်မှုများကို အကြုံပြုပေးသွားမှာဖြစ်သည်။အကြံပြုချက်များဟာ အသုံးဝင်မှာပါ ဘာလို့လဲဆို လူများ၏ ခရီးသွားလာမှု၊လေ့လာမှုများ၊ပုဂ္ဂိုလ်ရေးဆိုင်ရာများကိုအခြေခံထားခြင်းကြောင့်ဖြစ်သည်။"
"ကျွန်တော်တို့၌ အကောင်းဆုံးအားလပ်ရက်အတွက် လပေါင်းများစွာခရီးသွားပြီး စမ်းသပ်ထားသည့် သူများလည်းရှိသည့်အပြင် သူတို့ကိုပုဂ္ဂိုလ်ရေးဆိုင်ရာစမ်းသပ်ချက်များပါပြုလုပ်ထားသည်၊သုံးစွဲသူများကို ဘယ်အချိန်ခရီးသွားပြီး ဘယ်အချိန်ရပ်သင့်သည်ကိုပါ ညှိနှိုင်းပေးမှာဖြစ်တယ်၊ဒီလိုအစီစဉ်များဖြင့် တကယ့်လက်တွေ့ဘဝကို ကောင်းမွန်သည့်ပုံစံနှင့် ချဉ်းကပ်ရန်ဖြစ်သည်။" ဟု Luxury Escapes ၏အမှုဆောင်အရာရှိချုပ်Cameron Hollandမှ ပြောကြားခဲ့သည်။
အတွေ့အကြုံရှိ Graffitiအေဂျင်စီမှ အမှုဆောင်ဒါရိုက်တာ ဖြစ်သော Kerrie Spaargarenမှ အကျဉ်းချုပ်အနေဖြင့် "ဒါဟာ ကျွန်တော့်တို့အတွက် အောင်မြင်ဖို့အခွင့်အရေးဖြစ်သည်"
"ကျွန်တော်တို့ဟာ Pop-up storeကို ရှေးဟောင်းနည်းနှင့် တစ်ဆင့်မြှင့်တင်ရန် ရည်ရွယ်တာ ဖြစ်ပြီး လူထုအတွက် အကြံပြုချက်တစ်ခုအနေဖြင့် ဖန်တီးခြင်းဖြစ်သည်။ဒီ အားလပ်ရက်အကြံပြုချက်ဓာတ်ခွဲခန်းကတော့ အလွန့်အကျွံအံ့သြမှုများ၊အပြန်အလှန်အကျိုးပြုမှုများ၊ပုဂ္ဂိုလ်ရေးဆိုင်ရာအထောက်အပံ့များ ရရှိစေမှာဖြစ်တယ်။ဒီ အစီအစဉ်က စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုများနှင့်၎င်းတုန့်ပြန်မှုများကို အခြေခံ၍ အကြံပြုချက်များ ပေးသွားမည်ဖြစ်သည်။"ဟု ပြောကြားခဲ့သည်။
ဒီအတွေ့အကြုံများကို ရည်ညွှန်းပြီး PRလှူပ်ရှားမှုများ၊ပြိုင်ပွဲများ၊လက်ဆောင်ပေးခြင်းများလည်း ထည့်သွင်းထားခဲ့သည်။
ဤဆောင်းပါးသည် သြစတေးလျနိုင်ငံ၊ထီထွင်ဖန်တီးမှုလုပ်ငန်း၊ကြော်ငြာ၊ဖန်တီးမှု၊အမှတ်တံဆိပ်များကို ရည်ညွှန်းခြင်းဖြစ်သည်။
Reference Source: The Drum
Myanmar Advertising Directory
Published in Global
သြစတေးလျနိုင်ငံသားအများစုသည် သတင်းများတွင် ကြော်ငြာ လွှမ်းမိုးမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြောင်း သုတေသနပြုချက်အရ သိရသည်။
Published in Global