-->
×

Warning

JUser: :_load: Unable to load user with ID: 29


 


 


 


 

Boosting လုပ်ရာမှာ ပိုထိရောက်စေမယ့် ဆောင်ရန်၊ ရှောင်ရန်များ

 


 


 


 



 

 

<<<unicode>>>

 

ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကြော်ငြာမင်းသမီးလေး Ash Barty

===========================================================

ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား Ash Barty သည် ကြော်ငြာများရိုက်ကူးလာပြီး သူရိုက်ကူးထားသော ကြော်ငြာများမှာလည်း လူကြိုက်များလာလေသည်။ သူ့ကို တင်းနစ် ကြော်ငြာ မင်းသမီး ဟု ပင် လူအများ က နှစ်သက် သဘောကျ ခေါ်ဝေါ်လေသည်....

 

Barty သည် သူမ၏ တင်းနစ်လုပ်ငန်းတစ်ခုတည်းမှ ဒေါ်လာ ၂၄ သန်းတန်ဖိုးရှိ ငွေအမြောက်အများကို ရရှိပြီး ကုမ္ပဏီ စပွန်ဆာများ နှင့် ကြော်ငြာထပ်မံရိုက်ကူးရခြင်းတို့က သူမအတွက် အပို ဝင်ငွေ သာ ဖြစ်ပါသည်။

 

ယခုအချိန်အထိ Australian Open တွင် Barty သည် Vegemite နှင့် Disney + နှစ်ခုလုံးအတွက် လှုပ်ရှားမှုများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

 

Vegemite သည် လွန်ခဲ့သောသုံးနှစ်က Barty အတွက် စပွန်ဆာ ပေးခဲ့ပြီး အောက်တိုဘာလတွင် သူ နှင့်အတူ သူ၏ စပွန်ဆာ ကို တိုးချဲ့မည် ဟုကြေငြာ ခဲ့သည်။ ဤကြေငြာချက်နှင့်အညီ Vegemite သည် အကန့်အသတ်ဖြင့်သာထုတ်ဝေသော Bartymite ကိုထုတ်ဝေခဲ့ပြီးနောက်ပိုင်းတွင် ကုန်ပစ္စည်းများကိုလည်းဖြန့်ချိခဲ့သည်။ Barty သည် Vegemite ၏ နောက်ဆုံး ကြော်ငြာ Campaign တွင် ပါဝင်သရုပ်ဆောင် ထားသည်။

 

သင့်ကို ဘီလီယံနာ ဖြစ်စေနိုင်တဲ့ လုပ်ငန်းများ


Barty ၏အဓိကစပွန်ဆာများမှာ Kayo, Vegemite, Head, Fila, Jaguar နှင့် Rado တို့ဖြစ်ပါတယ်။

 

၂၀၁၉ ခုနှစ် သြစတြေးလျ ဘဏ္ဍာရေးဆိုင်ရာ ပြန်လည်ဆန်းစစ်သုံးသပ်ချက်အရ Barty သည် ထိပ်ဆုံးမှရပ်တည်ခဲ့ပြီး ၂၃ နှစ်သာရှိသော သူမသည် သြစတေးလျတစ်နိုင်ငံလုံးကို သြဇာလွှမ်းမိုးထားနိုင်စွမ်းရှိသယောင်ပါ....

 

နာမည်ကျော် ဇိမ်ခံကားအမှတ်တံဆိပ် Jaguar သည် Barty ကိုစပွန်ဆာ ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် စပွန်ဆာ စတင်ပေးခဲ့သည်...

 

သူမပါဝင်ရိုက်ကူးထားသော Jaguar ၏ ကြော်ငြာ (Firecely Driven) မှာ ၂၀၁၉ စက်တင်ဘာ လ က ထွက်ရှိခဲ့ပါတယ်။

ကြော်ငြာလေးကို အားလုံးကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

 

 

Source: AdNews

Myanmar Advertising Directory 

 

 
Published in Global