-->
×

Warning

JUser: :_load: Unable to load user with ID: 29

စီးပွားရေးလုပ်ငန်းရှင်တွေဟာ Social Media တွေကို အသုံးပြုပြီးတော့ မိမိတို့ရဲ့လုပ်ငန်းတွေကို Customer တွေသိရှိလာအောင် ကြော်ငြာကြရပါတယ်။ ဒီလိုကြော်ငြာတဲ့ နေရာမှာ Social Media တွေအများကြီးထဲကမှ ဘယ်ချယ်နယ်ကို အသုံးပြုပြီးကြော်ငြာမလဲ ဆိုတာကိုရွေးချယ်ကြရပါတယ်။

ဒီလို လူသုံးအများဆုံး ချယ်တွေမှာ ကြော်ငြာမှသာ မိမိတို့ရဲ့လုပ်ငန်းကို Customer တွေအများကြီးဆီကို ပျံ့နှံ့ရောက်ရှိမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Social Media ပေါင်းများစွာထဲကမှ လူသုံးအများဆုံးအဖြစ် ထိပ်ဆုံးမှာရပ်တည်နေတဲ့ Social Media (၅) ခုကိုဖော်ပြပေးလိုက်ပါတယ်။


၁။ Facebook

Facebook ဟာဆိုရင် လစဉ်အသုံးပြုသူ ဦးရေစုစုပေါင်း ၂.၂၃ ဘီလီယံရှိပြီး အကြီးဆုံး Social Media Site တစ်ခုအဖြစ် နံပါတ် (၁) နေရာမှာရပ်တည်နေပါတယ်။


၂။ Youtube

Youtube ကို လစဉ်အသုံးပြုသူ စုစုပေါင်း ၁.၉ ဘီလီယံရှိနေပြီး Youtube Video တွေကို ၁နာရီမှာ ကြည့်ရူသူ ၁ ဘီလီယံရှိနေပါတယ်။ Google ပြီးရင် ဒုတိယအကောင်းဆုံး Search Engine အကောင်းဆုံးက Youtube လို့လဲသိရပါတယ်။

ကမ္ဘာကျော် ဘီလျံနာတွေဖြစ်လာရခြင်းရဲ့ အကြောင်းအရင်းများ


၃။ Messenger

Messenger လစဉ်အသုံးပြုသူကတော့ ၁.၃ ဘီလီယံ ရှိပါတယ်။ လုပ်ငန်းရှင်အများစုဟာ Chatbot Marketing လုပ်ပြီး Messenger ကနေ ကြော်ငြာလုပ်ငန်းတွေကို လုပ်ဆောင်နေကြပါပြီ။


၎။ WeChat

WeChat ကို လစဉ်အသုံးပြုသူကတော့ ၁.၀၆ ဘီလီယံရှိပါတယ်။ WeChat ကိုစာပို့တာအပြင် Online shop တွေ အတွက်လည်းအသုံးပြုကြပါတယ်။ တရုတ်နိုင်ငံမှာတော့ WeChat ကို အများဆုံးအသုံးပြုကြပါတယ်။


၅။ Instagram

Instagram ကို လစဉ်အသုံးပြုသူ စုစုပေါင်း ၁ ဘီလီယံရှိနေပါတယ်။ Instagram ဟာ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက်တော့ Marketing ပြုလုပ်ဖို့ အကောင်းဆုံးလဲဖြစ်ပါတယ်။


အထက်မှာဖော်ပြခဲ့တာတဲ့ Social Media တွေကတော့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ လူသုံးအများဆုံး ချယ်နယ်တွေပဲဖြစ်ပါတယ်။ အခြား Social Media များဖြစ်တဲ့ Tik Tok ကို အသုံးပြုသူ ၅၀၀ မီလီယံ၊ Twitter အသုံးပြုသူ 355 မီလီယံရှိပြီး LinkedIn ကိုလစဉ် အသုံးပြုသူ ကတော့ ၂၉၄ မီလီယံ နဲ့ ရပ်တည်နေပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းကို ကြော်ငြာဖို့ အကောင်းဆုံး ချယ်နယ်တွေကို ရွေးချယ်ကြော်ငြာနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။


Htet Htet Naing

Myanmar Advertising Directory 

Published in Digital Marketing

Facebook ဟာ ကိုယ်ပိုင် အွန်လိုင်းငွေကြေးစနစ်ကို ဖန်တီးပြီး ကမ္ဘာ့အကြီးဆုံးဘဏ်တစ်ခု ဖြစ်လာဖို့ ကြိုးစားနေပါတယ်။

Published in Global

သင့်ရဲ့လုပ်ငန်း တိုးတက်ကောင်းမွန်ဖို့ Marketing ကလည်း အရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။

Published in Tips

Digital ခေတ်ကြီးထဲမှာ လုပ်ငန်းလုပ်ကိုင်နေပြီ ဆိုရင်တော့ Website တစ်ခုတော့အနည်းဆုံး တည်ဆောက်ပြီး အလုပ်လုပ်ကြပါတယ်။

Published in Local
Page 2 of 2