-->
×

Warning

JUser: :_load: Unable to load user with ID: 29

Alibaba Group ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ Jack Ma ဟာဆိုရင်တော့ ဖြင့် ကြော်ငြာ နယ်ပယ်များထဲတွင် Digital Advertising နယ်ပယ်နှင့် Outdoor Advertising နယ်ပယ်က ပိုမို ထိရောက်လှတယ်လို့ ပြောဖူးပါတယ်။ ဟုတ်ပါတယ် ယနေ့ခေတ်မှာကလေး ၊ လူကြီး ကအစ တီဗီ ကြည့်ဖို့ ဆိုတာဝေးစွ လက်ကိုင်ဖုန်းများဆီသို့ လက်အမြဲရောက်နေကြတာပါ။ထို့အပြင် လူအများအနေနဲ့ အပြင်သို့ ကျောင်း သို့ အလုပ် ဆီသို့သွားလျင် အပြင်ထွက်ရပါသေးတယ်။

 

တီဗီကို အချိန်ပေး ကြည့်ချိန် အင်မတန်မှ နည်းပါးလာတယ် ခန့်မှန်းရပါတယ်။အနည်းဆုံးတော့မိုးလင်းတာနဲ့ ဖုန်းကို အရင် စမ်းမိပြီး ညအိပ်ချိန် မတိုင်ခင်သင်တို့ အနေနဲ့ ဖုန်းကို စစ်ဆေး ပြီးမှာ အိပ်ကြတာ မို့ လက်ကိုင်ဖုန်းထဲမှ Facebook , Instagram , Twitter တို့နဲ့ ကတော့ အမြဲထိတွေ့နေကြရတာကိုး။

 

အပြင်သွားရင်လည်း လမ်းမ တစ်လျှောက် , ကားဂိတ် , ရထားဘူတာ , ဓာတ်လှေကား တို့လိုနေရာများမှာ လူအများအမြဲ အသုံး ပြုနေရတာမို့ ကြော်ငြာ တစ်ခု ကြော်ငြာထားပါက သင်တို့ အနေနဲ့ ကြည့်မိမှာ ပါပဲ။ Jack Ma ဟာ သူ၏ Alibaba လုပ်ငန်းစုကြီးရဲ့ ကြော်ငြာ အပိုင်းကို တရုတ်ပြည်ရဲ့ အကြီးဆုံး ကြော်ငြာ လုပ်ငန်းစုကြီးဖြစ်တဲ့ Focus Media နှင့် လက်တွဲထားတယ်သိရပါတယ်။

 

Focus Media မှာ ကြော်ငြာများကို လမ်းတစ်လျှောက် Digital ad screens များဖြင့် ကြော်ငြာပေးပြီး ရထားဘူတာ နှင့် စက်လှေကား နေရာများပါမချန် ကြော်ငြာပေးတဲ့ လုပ်ငန်းစုပါ။ Focus Media ဟာ တရုတ်ပြည်ရဲ့ မြို့နယ်တိုင်းလိုလိုမှာ ၎င်းတို့ကြော်ငြာများရှိပြီး ထိုကြော်ငြာများကို ကြည့်ရူ့သူ လူအရေအတွက် ၂၀၀ မီလီယံ လောက် ရှိမယ်သိရပါတယ်။

 

ကြော်ငြာလောက ​နယ်ပယ်ဟာလဲ တကယ်သာ အခြေခိုင်မယ်ဆို အလုပ်ဖြစ်တဲ့ နယ်ပယ်တစ်ခုပါပဲ ဒါကြောင့် Alibaba လုပ်ငန်းစုမှ Focus Media ရဲ့ အစုရှယ်ယာဖြစ်တဲ့ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူထားတယ်လို့ သိရပါတယ်။

 

Ref : Yicai globalicai global

 

 

Published in Digital Marketing


Published in Outdoor Advertising

Alibaba တည်ထောင်သူဥက္ကဌ Jack Ma ကတော့ အဆိုပါ တရုတ် e-commerce ကုမ္ပဏီကနေ စက်တင်ဘာ (၁၀)ရက်မှာ တရားဝင်အနားယူပြီဖြစ်ပါတယ်။

Published in Global

ညအိပ်ရာမဝင်ခင် နောက်ဆုံးဘာတွေလုပ်ခဲ့သလဲဆိုတာနဲ့ ညကဘယ်လောက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သလဲဆိုတာက နောက်တစ်နေ့မှာကောင်းကျိုး၊ ဆိုးကျိုးတွေ ဖြစ်စေတတ်ပါတယ်။

Published in How To

တစ်စုံတစ်ယောက်က Jack Ma ကို “ခင်ဗျားရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်က ဘာလဲ” လို့မေးတဲ့အခါ Jack Ma ပြောတာက

Published in Global

တရုတ်ဘီလျံနာသူဌေးကြီး ဂျက်မားဟာ မအောင်မြင်ခင်မှာ လူတော်တော်များများရဲ့ ငြင်းပယ်ခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသူပါ။

Published in Tips

 

အစီရင်ခံစာအရ ကမ္ဘာ့ဘီလျံနာစုစုပေါင်းဦးရေရဲ့ ၇၅ ရာခိုင်နှုန်းအထိကတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၅ ခုမှာ ရှိနေတယ်လို့ဆိုပါတယ်။ ဒီနိုင်ငံ ၁၅ နိုင်ငံက ဘီလျံနာ ၁,၉၄၂ ဦးကတော့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၈ ထရီလီယံ ရှိတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘီလျံနာတွေ အများဆုံးရှိနေတဲ့ နိုင်ငံ ၁၅ နိုင်ငံကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

၁။ အမေရိကန်

ဘီလျံနာ ဦးရေ -၇၀၅ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၃,၀၁၃ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ် -Jeff Bezos ( ကန်ဒေါ်လာ ၁၁၈ ဘီလီယံ)

၂။ တရုတ်

ဘီလျံနာ ဦးရေ - ၂၈၅ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး - ဒေါ်လာ ၉၉၆ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ် - Jack Ma ( ကန်ဒေါ်လာ ၄၁ ဒသမ ၈ ဘီလီယံ)

၃။ ဂျာမနီ

ဘီလျံနာ ဦးရေ -၁၄၆ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး - ဒေါ်လာ ၄၄၂ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ် - Dieter Schwarz ( ကန်ဒေါ်လာ ၂၃ ဒသမ ၆ ဘီလီယံ)

၎။ ရုရှား

ဘီလျံနာ ဦးရေ - ၁၀၂ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး - ဒေါ်လာ ၃၅၅ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ် - Leonid Mikhelson ( ကန်ဒေါ်လာ ၂၁ ဒသမ ၆ ဘီလီယံ)

၅။ ယူကေ

ဘီလျံနာ ဦးရေ - ၉၇ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၂၀၉ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ်- Jim Ratcliffe ( ကန်ဒေါ်လာ ၁၈ ဒသမ ၇ ဘီလီယံ)

၆။ ဆွစ်ဇာလန်

ဘီလျံနာ ဦးရေ - ၉၁ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး - ဒေါ်လာ ၂၄၀ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ် -Ernesto Bertarelli ( ကန်ဒေါ်လာ ၁၆ ဘီလီယံ)

၇။ ဟောင်ကောင်

ဘီလျံနာ ဦးရေ - ၈၇ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး - ဒေါ်လာ ၂၅၉ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ်- Li Ka-Shing ( ကန်ဒေါ်လာ ၃၀ ဒသမ ၈ ဘီလီယံ)

၈။ အိန္ဒိယ

ဘီလျံနာ ဦးရေ -၈၂ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး - ဒေါ်လာ ၂၈၄ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ် - Mukesh Ambani ( ကန်ဒေါ်လာ ၄၉ ဒသမ ၅ ဘီလီယံ)

၉။ ဆော်ဒီ အာရေးဗျ

ဘီလျံနာ ဦးရေ - ၅၇ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး - ဒေါ်လာ ၁၄၇ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ်- Alwaleed Al Saud ( ကန်ဒေါ်လာ ၁၄ ဒသမ ၇ ဘီလီယံ)

၁၀။ ပြင်သစ်

ဘီလျံနာ ဦးရေ - ၅၅ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၁၉၅ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ် - Bernard Arnault ( ကန်ဒေါ်လာ ၈၈ ဒသမ ၅ ဘီလီယံ)

Read More>>> လုပ်ငန်းခွင်မှာ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဆိုရင်...

၁၁။ ယူအေအီး

ဘီလျံနာ ဦးရေ - ၅၅ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၁၆၅ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ် - Majid Al Futtaim ( ကန်ဒေါ်လာ ၅ ဒသမ ၁၃ ဘီလီယံ)

၁၂။ ဘရာဇီး

ဘီလျံနာ ဦးရေ - ၄၉ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၁၅၄ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ် : Jorge Paulo Lemann ( ကန်ဒေါ်လာ ၂၂ ဒသမ ၄ ဘီလီယံ)

၁၃။ အီတလီ

ဘီလျံနာ ဦးရေ- ၄၇ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၁၄၁ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ် - Giovanni Ferrero ( ကန်ဒေါ်လာ ၂၄ ဒသမ ၂ ဘီလီယံ)

၁၄။ ကနေဒါ

ဘီလျံနာ ဦးရေ -၄၅ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၈၇ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ်-Sherry Brydson ( ကန်ဒေါ်လာ ၈ ဒသမ ၃၉ ဘီလီယံ)

၁၅။ စင်ကာပူ

ဘီလျံနာ ဦးရေ - ၃၉ ဦး

ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး - ဒေါ်လာ ၈၄ ဘီလီယံ

အချမ်းသာဆုံး ပုဂ္ဂိုလ် - Wee Cho Yaw ( ကန်ဒေါ်လာ ၈ ဒသမ ၅၃ ဘီလီယံ)

ဒါကတော့ ကမ္ဘာပေါ်က ဘီလျံနာအများဆုံးရှိရာ နိုင်ငံ ၁၅ နိုင်ငံပဲဖြစ်ပါတယ်။

Credit; Strategy First Times
Myanmar Advertising Directory

 

Published in Global

တရုတ်နိုင်ငံ အခြေပြုရင်းနှီးမြှုပ်နှံမှုအကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Duncan Clark ၂၀၁၆ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်မှာ စီးပွားရေးနဲ့ပတ်သက်တဲ့ သင်တန်းကျောင်းတွေမှာ အောင်မြင်လာသူများအပေါ်Jack Ma ရဲ့ခိုင်မာတဲ့ အယူအဆကိုဖော်ပြခဲ့ပါတယ်။

Published in Marketing

Microsoft ဆော့ဖ်ဝဲကို တီထွင်ခဲ့သူ ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ကို လူတိုင်းက အားကျခဲ့ကြပါတယ်။

Published in Global

အသက် ( ၅၅ ) ရှိပြီဖြစ်တဲ့ Jack Ma ဟာ တရုတ်ပြည်ရဲ့အချမ်းသာဆုံး ဘီလျှံနာတစ်ယောက်ဖြစ်ပြီး အလီဘာဘာလုပ်ငန်းစုကြီးရဲ့တည်ထောင်သူ တစ်ယောက်လည်းဖြစ်ပါတယ်။

Published in Global
Page 1 of 2