-->
×
Warning
JUser: :_load: Unable to load user with ID: 29
အလီဘာဘာမှာ ၁၁ လ ပိုင်း ၁၁ ရက်စျေးလျှော့ရေးပွဲကြီးကို Black Friday နီးတူ ကမ္ဘာအကြီးဆုံး စျေးဝယ်ရက် အဖြစ်သတ်မှတ်ကာ ကျင်းပခဲ့ပါတယ်။လူတစ်ယောက်တစ်ယောက်ချင်းစီတိုင်းစိတ်ကျေနပ်မှုအပြည့်အ၀ ရှိတဲ့စျေးဝယ်ခြင်းဖြစ်ဖို့ဆိုတာတော့အတော်လေးခက်ခဲပါတယ်။ဒီတော့ကား 11 11 အတွက်ကို အလီဘာဘာမှ CMO ဖြစ်သူ သူ့စျေးကွက်ထဲကို လူတွေ ဘယ်လိုဆွဲသွင်းလဲဆိုတာကို The Drum သတင်းမှ မေးမြန်းဖြစ်ခဲ့ပါတယ်။
Published in Global
တရုတ်ဘီလျံနာသူဌေးကြီး ဂျက်မားဟာ မအောင်မြင်ခင်မှာ လူတော်တော်များများရဲ့ ငြင်းပယ်ခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသူပါ။ဂျက်မားက ကျွန်တော့်မှာ ကျရှုံးမှုတွေအများကြီးရှိတယ်။ ကျွန်တော်က ရယ်စရာဖြစ်ရပ်တွေမှာ အမြဲ ကျရှုံးတယ်။ မူလတန်းမှာ စာမေးပွဲနှစ်ခါကျတယ်။ အလယ်တန်းမှာ စာမေးပွဲ ၃ခါကျတယ်။ ၃ နှစ်လောက်ကို တက္ကသိုလ်တွေတက်ဖို့အတွက် ကျွန်တော်ကြိုးစားလိုက်ရတယ်။
Published in Global
Alibaba Group ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ Jack Ma ဟာဆိုရင်တော့ ဖြင့် ကြော်ငြာ နယ်ပယ်များထဲတွင် Digital Advertising နယ်ပယ်နှင့် Outdoor Advertising နယ်ပယ်က ပိုမို ထိရောက်လှတယ်လို့ ပြောဖူးပါတယ်။ ဟုတ်ပါတယ် ယနေ့ခေတ်မှာကလေး ၊ လူကြီး ကအစ တီဗီ ကြည့်ဖို့ ဆိုတာဝေးစွ လက်ကိုင်ဖုန်းများဆီသို့ လက်အမြဲရောက်နေကြတာပါ။ထို့အပြင် လူအများအနေနဲ့ အပြင်သို့ ကျောင်း သို့ အလုပ် ဆီသို့သွားလျင် အပြင်ထွက်ရပါသေးတယ်။
တီဗီကို အချိန်ပေး ကြည့်ချိန် အင်မတန်မှ နည်းပါးလာတယ် ခန့်မှန်းရပါတယ်။အနည်းဆုံးတော့မိုးလင်းတာနဲ့ ဖုန်းကို အရင် စမ်းမိပြီး ညအိပ်ချိန် မတိုင်ခင်သင်တို့ အနေနဲ့ ဖုန်းကို စစ်ဆေး ပြီးမှာ အိပ်ကြတာ မို့ လက်ကိုင်ဖုန်းထဲမှ Facebook , Instagram , Twitter တို့နဲ့ ကတော့ အမြဲထိတွေ့နေကြရတာကိုး။
အပြင်သွားရင်လည်း လမ်းမ တစ်လျှောက် , ကားဂိတ် , ရထားဘူတာ , ဓာတ်လှေကား တို့လိုနေရာများမှာ လူအများအမြဲ အသုံး ပြုနေရတာမို့ ကြော်ငြာ တစ်ခု ကြော်ငြာထားပါက သင်တို့ အနေနဲ့ ကြည့်မိမှာ ပါပဲ။ Jack Ma ဟာ သူ၏ Alibaba လုပ်ငန်းစုကြီးရဲ့ ကြော်ငြာ အပိုင်းကို တရုတ်ပြည်ရဲ့ အကြီးဆုံး ကြော်ငြာ လုပ်ငန်းစုကြီးဖြစ်တဲ့ Focus Media နှင့် လက်တွဲထားတယ်သိရပါတယ်။
Focus Media မှာ ကြော်ငြာများကို လမ်းတစ်လျှောက် Digital ad screens များဖြင့် ကြော်ငြာပေးပြီး ရထားဘူတာ နှင့် စက်လှေကား နေရာများပါမချန် ကြော်ငြာပေးတဲ့ လုပ်ငန်းစုပါ။ Focus Media ဟာ တရုတ်ပြည်ရဲ့ မြို့နယ်တိုင်းလိုလိုမှာ ၎င်းတို့ကြော်ငြာများရှိပြီး ထိုကြော်ငြာများကို ကြည့်ရူ့သူ လူအရေအတွက် ၂၀၀ မီလီယံ လောက် ရှိမယ်သိရပါတယ်။
ကြော်ငြာလောက ​နယ်ပယ်ဟာလဲ တကယ်သာ အခြေခိုင်မယ်ဆို အလုပ်ဖြစ်တဲ့ နယ်ပယ်တစ်ခုပါပဲ ဒါကြောင့် Alibaba လုပ်ငန်းစုမှ Focus Media ရဲ့ အစုရှယ်ယာဖြစ်တဲ့ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူထားတယ်လို့ သိရပါတယ်။
Ref : Yicai globalicai global
Published in Digital Marketing
ပရီးမီယားလိဂ် နာမည်ကြီး ဘောလုံးအသင်းဖြစ်တဲ့ အင်္ဂလန် နိုင်ငံ မှ သရဲနီ ဘောလုံးအသင်း မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ E- Commerce လောက ရဲ့ အကြီးဆုံး လုပ်ငန်းစုကြီးဖြစ်တဲ့ Alibaba နဲ့ လက်တွဲ ပြီး တရုတ် ပြည်မှ မန်ယူ ပရိသတ် တွေ အတွက် လုပ်ငန်းချဲ့ ထွင်တော့မှာလည်းဖြစ်ပါတယ် ....
Published in Global
မြောက်များစွာသော ဈေးကွက် စီးပွားရေး စနစ်ကို ရင်းနှီးမြှုပ်နှံနေသူတွေက Alibaba လုပ်ငန်းစုကြီးကို တရုတ်ပြည်ရဲ့ အကြီးဆုံး e-commerce နဲ့ cloud company တစ်ခုအဖြစ်သိထားကြပါတယ်။
Alibaba က အမြဲ အခါအားလျှော်စွာ ၄င်းတို့ ရဲ့ ကြော်ငြာ platform ဖြစ်တဲ့ Alimama ကိုသာ ရည်ညွှန်းလေ့ ရှိပါတယ်။
မိန်းကလေးတိုင်း မှာ အလှတရားရှိတယ်ဆိုတာ ကိုမြင်သာအောင်ပြသလိုက်တဲ့ Gucci ရဲ့ Matte Lipstick ကြော်ငြာ
<<<UNICODE>>>
မြောက်များစွာသော ဈေးကွက် စီးပွားရေး စနစ်ကို ရင်းနှီးမြုှပ်နှံနေသူတွေက Alibaba လုပ်ငန်းစုကြီးကို တရုတ်ပြည်ရဲ့ အကြီးဆုံး e-commerce နဲ့ cloud company တစ်ခုအဖြစ်သိထားကြပါတယ်။
Alibaba လုပ်ငန်းစု ကြီးဟာ တရုတ်နိုင်ငံ ရဲ့ ဒီဂျစ်တယ် ကြော်ငြာလောကရဲ့ နှစ်ဝက် ပထမပိုင်းမှာတင် 33% ဖြင့် ဦးဆောင်ထားပြီလို့ R3 ရဲ့ ပြောကြားချက်အရ သိရပါတယ်။
TikTok နဲ့ Toutiao တို့ရဲ့ မိခင် လုပ်ငန်းစု ဖြစ်တဲ့ ByteDance,မှ 23% ဖြစ်ပြီး
Baidu မှ 17% , Tencent မှ 14% ဖြင့်နေရာ အသီးသီး မှာ ရှိနေပါတယ်။
Alibaba အနေနဲ့ ဘယ်လို ဦးဆောင်နေလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ……
စစချင်း Alibaba အနေနဲ့ ဘာလို့ ကြော်ငြာ ဘက်ပိုင်းကို လုပ်ကိုင်နေလဲ
Alibaba ဟာ ၎င်းတို့အနေနဲ့ ကြော်ငြာလုပ်ငန်းခွန်တွေကြောင့် တိုးတက်မှုကို ထုတ်ဖော်မပြပါဘူး
ပြောရရင်တော့ 85 % အခွန်တွေဟာ core commerce ဘက်ပိုင်းကနေ လာတာပါ။
8 % ကတော့ ၎င်းတို့ရဲ့ cloud business ကနေလာတာဖြစ်ပြီး , 6 % က digital media business ကနေလာတာပါ ကျန် 1 % က အခြားဘက်အပိုင်းတွေကနေလာတယ်သိရပါတယ်။
Alibaba က အမြဲ အခါအားလျှော်စွာ ၎င်းတို့ ရဲ့ ကြော်ငြာ platform ဖြစ်တဲ့ Alimama ကိုသာ ရည်ညွှန်းလေ့ ရှိပါတယ်။
ကြေးငွေပိုင်းဆိုင်ရာ အကြီးအကဲ ဖြစ်သူ Maggie Wu ပြောကြားချက်ကတော့ Alimama မှ 60 % အခွန် ငွေ Alibaba အတွက် ရရှိတယ်သိရပါတယ်။ဒါပေမဲ့ ထို အချင်းအရာကို အတိအကျ ဖော်ပြချင်းမရှိသေးပါဘူး။
Alibaba အတွက် Alimama မှ user တွေရဲ့ အချက်အလက်များကိုစုဆောင်းတယ်သိရပါတယ်။
၎င်းတို့ အနေနဲ့ e-commerce marketplaces , UCWeb browser, streaming media services, AliPay payments platform မှ အချက်အလက်များ ကိုလည်းစုဆောင်းတယ်လို့သိရပါတယ်။
ဒါ့ကြောင့်မို့ ဒီ platforms တွေ အတွက် ကြော်ငြာများကို ရောင်းချတာဖြစ်တယ်။
ငွေ ပမာဏ ခပ်များများ အခွန်တွေကို Taobao နဲ့ Tmall မှ ရရှိတဲ့အတွက် ကုန်သည်တွေကို promote လုပ်ဖို့ ကမ်းလှမ်းတယ်လို့သိရပါတယ်။
ဒါ့အပြင် ထိုကြော်ငြာများကို CPC (ကလစ် နှိပ်တိုင်း ငွေပေးချေ ရခြင်း ) နည်းလမ်းအတိုင်းဆောင်ရွက်ထားတယ်သိရပါတယ်။ထိုမှမက ကြီးမားသော Brand မှ ကုန်သည်များမှ Alibaba website မှ ကြော်ငြာနေရာများကိုလည်း ဝယ်ယူနိုင်တယ်လို့သိရပါတယ်။
Superman နဲ့ Batman တို့ ခေါင်းချင်းဆိုင်စေခဲ့တဲ့ အမေရိကန် NFL ပွဲ ကြော်ငြာ
Alibaba မှ မက ပါဘူး။
အမေရိက ရဲ့ Amazon ဟာဆိုရင်တော့ ဖြင့် မနှစ်က အမေရိကရဲ့ တတိယ အကြီးဆုံး ဒီဂျစ်တယ် ကြော်ငြာ Platform ဖြစ်လာတယ်သိရပါတယ်။Alibaba ရဲ့ တရုတ်ပြည်မှ အကြီးစားပြိုင်ဘက်ဖြစ်တဲ့ JD.com မှလည်း Alibaba ကဲ့ သို့ Display Ads များ ရောင်းချတယ်လို့ သိရပါတယ်။
အတိုချုပ်ပြောရရင် Alibaba မိခင် လုပ်ငန်းစု ကြီးရဲ့ လုပ်ငန်းကွဲတွေဖြစ်တဲ့ Taobao and Tmall မှာ ကုန်သည်များအနေဖြင့် မိမိ Product ကို လူမြင်ခံ လူကြိုက်များစေရန် အတွက် Premium ကြော်ငြာဆိုတာကို ထည့်ရပြီး ငွေ အမြှောက်အများပေးပိုမိုပေးရတယ်လို့သိရပါတယ်။
ဒါကြောင့်လဲ Alibaba ရဲ့ core commerce စီးပွားရေးလည်းလည်ပတ်နေပုံပါပဲ။
အခြားဒီဂျစ်တယ်ကြော်ငြာ လုပ်ငန်းစုများထက် ပိုမိုသာလွန် နေသလော ~~~~~
Alibaba ရဲ့ ကုန်သည်တွေကို ထိန်းချုပ်တဲ့ နည်းလမ်းက အတော်လေးစနစ်ကျတယ်။
မည်သို့ပင်ဆိုစေကာမူ Baidu, Weibo နှင့် Tencent တို့ထက် နည်းဗျူဟာကောင်းသည်ဆိုရမည်။
ဒီ Company တွေက တရုတ်ပြည်ရဲ့ ထိပ်သီး Platform တွေဖြစ်တယ်။
Baidu ကြော်ငြာ မှ အခွန် 9% , Weibo မှ ကြော်ငြာခွန် 1% နှင့် Tencent မှ 13% ရရှိတယ်သိရပါတယ်။တကယ်တန်းတော့ ထို Platform သုံးခုလုံးဟာ တရုတ်ပြည်ရဲ့ စီးပွားရေးနှေးကွေးမှု ကြားမှာ အသက်ဆက်နေရတဲ့ လုပ်ငန်းစုတွေဖြစ်တယ်။
ထို့အပြင် ( Gen Z-oriented ) ၁၉၉၅ မှ ၂၀၁၅ မွေးသော လူငယ်များ အသုံးများတဲ့ App တွေဖြစ်တဲ့ TikTok နဲ့ Bilibili တို့မှ ကြော်ငြာများကလည်း၎င်းတို့ကိုထိုးနှက်နေသေးသည်။
Alibaba ရဲ့ Platform မှ ကြော်ငြာတွေကတကယ့်ကို ငွေအမြှောက်အများအသုံးပြုတဲ့ ကုန်သည်များအတွက်သာဖြစ်တယ် AliExpress စတဲ့ Platform တွေကိုလဲ ၎င်းတို့မှ ဖြန့်ချိကာကြော်ငြာထည့် တယ်လို့သိရပါတယ်။
Lazada ကိုလည်း Alibaba ကပဲ ပိုင်တာပါပ။ဲ ဒါပေမဲ့ တရုတ်ပြည်မှ အနောက်တိုင်းပစ္စည်းဝယ်တဲ့ သူတွေဟာ စိတ်ဝင်စားကြပြီး အရှေ့တောင်အာရှရဲ့ ထိပ်တန်း e-commerce platform တစ်ခုပဲဖြစ်တယ်။
Alibaba ဟာ အရမ်း active ဖြစ်တဲ့ ပရိသတ်တွေ များပြားပြီး 860 မီလီယံ ရှိနေပါတယ်။
2024 မှာဆိုရင် ဘီလီယံ အထိ တိုးတက်လာလိမ့်မည်လို့သိရပါတယ်။ဒီလိုတိုးတက်မူ့တွေဟာ ကြော်ငြာ လုပ်ငန်းရှင်ကုန်သည်တွေအတွက် စိတ်ချမ်းသာစရာပါပဲ။
ဒါဆိုဘာကြောင့် Alibaba မှ သူ့လုပ်ငန်းစုကို ဒီဂျစ်တယ် ကြော်ငြာလုပ်ငန်းစုအဖြစ်ဘာလို့ အသိမှတ်မပြုသလဲ~~~~
Alibaba မှ CEO ဖြစ်သူ Daniel Zhang မှ သူတို့ လုပ်ငန်းစု ရဲ့ ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာ ဈေးကွက် စီးပွားရေးကို လုပ်ငန်းစု ရဲ့ နောက်ဆုံး ညီလာခံမှာ ၁ ကြိမ်လေးမျှသာ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် Alibaba မှ ဒီဂျစ်တယ်ကြော်ငြာ လုပ်ငန်းက သူ့တို့လုပ်ငန်းစုအတွက် သိပ်အရေးပါတဲ့ အခန်းကဏ္ဍ မှာ တော့ ပါဝင်ခြင်းမရှိပါဘူးတဲ့။
ဒါပေမဲ့ လည်း ရင်းနှီးမြုပ်နံသူတွေက တော့ Alibaba လုပ်ငန်းစုက တရုတ်ပြည်ရဲ့ ဒီဂျစ်တယ် ကြော်ငြာဈေးကွက်ကို တိုးတိတ်စွာ ဦးဆောင်နေတယ်ဆိုတာသိကြပါတယ်။
Source;  The Motley Fool
Myanmar Advertising Directory 
Published in Global
Alibaba တည်ထောင်သူဥက္ကဌ Jack Ma ကတော့ အဆိုပါ တရုတ် e-commerce ကုမ္ပဏီကနေ စက်တင်ဘာ (၁၀)ရက်မှာ တရားဝင်အနားယူပြီဖြစ်ပါတယ်။
Published in Global
လူတိုင်းကမွေးကတည်းက ပြီးပြည့်စုံပြီး အရာရာအောင်မြင်လာတာမဟုတ်ပါဘူး။ ဘယ်အရာမှ အလကားမရနိုင်သလို နေ့ချင်းညချင်းအောင်မြင်ချမ်းသာလာဖို့ဆိုတာလည်း ဖြစ်နိုင်ခြေနည်းပါတယ်။
Published in Tips
တရုတ်နိုင်ငံအခြေစိုက် အလီဘာဘာ နိုင်ငံပေါင်းစုံလုပ်ငန်းအင်အားစု ကုမ္ပဏီအုပ်စုဟာ မြန်မာနိုင်ငံမှာ e Government ၀န်ဆောင်မှု၊ Smart City ၀န်ဆောင်မှုနဲ့ Cloud Service ၀န်ဆောင်မှုများလုပ်ကိုင်ဖို့အတွက် ရန်ကုန်မြို့မှာ ရုံးခန်းဖွင့်လှစ်ခဲ့တယ်လို့ Whale Cloud နည်းပညာ ကုမ္ပဏီစီအီးအို (တောင်အာရှ) Mr.Louis Lu က ပြောပါတယ်။
Published in Local
တရုတ်နိုင်ငံ အခြေပြုရင်းနှီးမြှုပ်နှံမှုအကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Duncan Clark ၂၀၁၆ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်မှာ စီးပွားရေးနဲ့ပတ်သက်တဲ့ သင်တန်းကျောင်းတွေမှာ အောင်မြင်လာသူများအပေါ်Jack Ma ရဲ့ခိုင်မာတဲ့ အယူအဆကိုဖော်ပြခဲ့ပါတယ်။
Published in Marketing