-->


Meta နှင့် Alphabet အမေရိကန် ကြော်ငြာစျေးကွက်အပေါ် လွှမ်းမိုးမှု ဆုံးရှုံး

Meta နှင့် Alphabet အမေရိကန် ကြော်ငြာစျေးကွက်အပေါ် လွှမ်းမိုးမှု ဆုံးရှုံး 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Meta နှင့် Alphabet တို့သည် အမေရိကန် ဒစ်ဂျစ်တယ်ကြော်ငြာစျေးကွက်အပေါ် လွှမ်းမိုးမှုဆုံးရှုံးသွားကြသည်။ 

၎င်းလုပ်ငန်း ၂ ခုက နှစ်ရှည်လများ ချုပ်ကိုင်ထားသည့် ကန်ဒေါ်လာဘီလီယံ ၃၀၀ စျေးကွက်တွင် Amazon, TikTok, Microsoft, Apple တို့၏ ပြိုင်ဆိုင်မှု ကြီးထွားလာခြင်းကြောင့် ဈေးကွက်ဝေစု ထိခိုက်နေသည်။

 

Facebook ၏ မိခင်လုပ်ငန်း Meta နှင့်  Google ပိုင်ရှင် Alphabet တို့ နှစ်ခုပေါင်း အမေရိကန်ကြော်ငြာဈေးကွက် ဝင်ငွေ ဝေစုသည် ယခုနှစ်တွင် ၂.၅% ကျဆင်းမည်ဟု ခန့်မှန်းထားသည်။ စုစုပေါင်း ၄၈.၄% သာ ရရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ ၂၀၁၄ ခုနှစ် နောက်ပိုင်း ၎င်းလုပ်ငန်းနှစ်ခု စုစုပေါင်း ဈေးကွက်ဝေစုသည် အများစု မဖြစ်တော့သည်ကို ယခုနှစ်တွင် ပထမဆုံးအကြိမ်  ကြုံတွေ့ရခြင်း ဖြစ်သည်။

  

၎င်းလုပ်ငန်းနှစ်ခု နှစ်စဉ်ကြော်ငြာဝင်ငွေကျဆင်းနေခဲ့ရာ၌ ယခုနှစ်သည် ပဉ္စမမြောက်နှစ် ဖြစ်သည်။ ၂၀၁၇ တွင် အထွတ်အထိပ် ရောက်ရှိခဲ့ပြီး ဈေးကွက်ဝေစု ၅၄.၇% ရရှိခဲ့သည်။ ဆက်လက်ကျဆင်းနေဦးမည်ဟု ခန့်မှန်းထားပြီး ၂၀၂၄ ခုနှစ်တွင် ၄၃.၉% ရရှိမည်ဟု ခန့်မှန်းထားသည်။

 

ကမ္ဘာတစ်လွှားတွင် Meta နှင့် Alphabet ၏ ဈေးကွက်ဝေစု စုစုပေါင်းသည် ယခုနှစ်တွင် ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး  ၄၉.၅ ရာခိုင်နှုန်း ရရှိသည်။

Amazon နှင့် Apple တို့သည် ၎င်းတို့၏ ကြော်ငြာအဖွဲ့များကို တိုးချဲ့ခဲ့သည်။

ဒစ်ဂျစ်တယ် ကြော်ငြာလောကသို့ Amazon ဝင်ရောက်လာခြင်းသည် Meta နှင့် Google ၏ လွှမ်းမိုးမှုကို တွန်းဖယ်ရန် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

Amazon သည် ကြော်ငြာဈေးကွက်ထဲ နှစ်အတန်ကြာ မြေစမ်းခရမ်းပျိုး လုပ်ကိုင်နေခဲ့ရာမှ ၂၀၁၅ တွင် အရှိန်စတင်ခဲ့သည်။ တစ်နှစ်တာ ကြော်ငြာဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံအောက်သာ ရှိခဲ့ရာမှ ယခုနှစ်တွင် ကန်ဒေါ်လာ ၃၈ ဘီလီယံ ရမည်ဟု ခန့်မှန်းထားသည်။

Amazon သည် ၎င်း၏ စျေးရောင်းဈေးဝယ် ဝဘ်ဆိုက်အပြင်  on-site ads လုပ်ငန်းကို တိုးချဲ့ခဲ့သည်။ ပစ္စည်းရောင်းချခြင်းအပြင် ပစ္စည်းကြော်ငြာခြင်းကိုပါ လုပ်ကိုင်သည်။

Meta အမှုဆောင်အရာရှိချုပ် Mark Zuckerberg သည် သုံးစွဲသူများကို ခြေရာခံရန်နှင့် ပစ်မှတ်ထားကြော်ငြာရန် ပိုမိုခက်ခဲစေသည့် Apple ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုဆိုင်ရာ ပြောင်းလဲမှုများနှင့် တရုတ်နိုင်ငံမှ ByteDance ပိုင်ဆိုင်သည့် Viral ဗီဒီယိုအက်ပ် TikTok ၏ ရေပန်းစားမှု တိုးပွားလာနေခြင်းကြောင့် ကြော်ငြာဝင်ငွေ ကျဆင်းရသည်ဟု ပြောကြားသည်။

 

 Google ၏ ကြော်ငြာအကြီးအကဲ Jerry Ditchler က "လွန်ခဲ့တဲ့ လေးနှစ်က ကြော်ငြာကဏ္ဍမှာ TikTok နဲ့  Amazon ကို စကားထဲ ထည့်မပြောကြဘူး။ အရေးမလုပ်ကြဘူး" ဟု ပြောကြားသည်။

Apple ၏ ကြော်ငြာဝင်ငွေသည် ၂၀၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၂.၂ ဘီလီယံအောက်မှာသာ ရှိခဲ့ရာမှ ယခုနှစ်တွင် ကန်ဒေါ်လာ ၇ ဘီလီယံကျော်အထိ တိုးလာခဲ့သည်။

၎င်းပမာဏသည် ကမ္ဘာ့စျေးကွက်၏ ၁.၂  ရာခိုင်နှုန်းမျှသာ ရှိသော်လည်း  Snapchat နှင့် Pinterest စုစုပေါင်းထက် ပိုမိုများပြားနေပြီဖြစ်သည်။

အချို့သော ခန့်မှန်းချက်များအရ Apple သည် ၂၀၂၆ ခုနှစ်တွင် ကြော်ငြာဝင်ငွေ ကန်ဒေါ်လာ ၃၀ ဘီလီယံအထိ ရှိလာနိုင်သည်။

 

 meta and alphabetmeta and alphabet.png

 

အမေရိကန်ကြော်ငြာဈေးကွက်တွင် ၂၀၂၃ ခုန‌ှစ်တွင် Google သည် ကြီးထွားနှုန်း ၃% ရှိနိုင်ပြီး 

Amazon သည် ၁၉% ၊ Apple သည် ၂၆% ၊ Spotify သည် ၃၀% ၊ TikTok သည် ၃၆% ၊ Walmart သည် ၄၂% ကြီးထွားနှုန်း ရရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။

Source finicial time 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)